ဘုရားအုပ်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်းမှ အရှေ့ဘက် မိုင်ဝက်ခန့်အကွာ ပေ ၅၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၆၃၃ ခုနှစ် (အေဒီ ၁၂၇၁)တွင် ဘုရင်မင်းဖလောင်းက တိုင်ပြည်ကို ငြိမ်ဝပ်ပိပြားစွာ အုပ်စိုးနိုင်ရေးအတိတ်နိမိတ်ဖြင့် ဤစေတီကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ စေတီတော်သည် အောက်ခြေပတ်လည် ၁၈၈ ပေ ရှိသည်။ စေတီတော်၏အောက်ပစ္စယံ၌ မုခ်ကပ်ဂူငယ် ၁၉ ခုရှိပြီး ထိုဂူများထဲတွင် ထိုင်တော်မူဘုရား ၁၉ ဆူ ကိန်းဝပ်လျက်ရှိသည်။ ဂန္ဓကုဋီတိုက်တွင် ဉာဏ်တော်အမြင့် ၁၂ ပေ ၅ လက်မရှိသော ကျောက်ဆင်းတုတော်ကြီးတစ်ဆူကို ကျောက်ဆစ်လက်ရာ ကြာပလ္လင်ပေါ်၌ ဖူးတွေ့နိုင်သည်။