လက်ကွယ်တောင်စေတီ (ခေါ်) လက်ကြွယ်တော်ဓာတ်စေတီ

Listing Description

မြောက်ဦးမြို့ ပိန္နဲတောင်တန်း (မြို့ဦးခေါင်းတောင်တန်း)၊ ဝါးတန်းရပ်နှင့် စပါးဆိပ်ရပ်ကွက်အနီးရှိ ပေ ၁၀၀ ခန့်မြင့်သော မလေးတောင် (ခေါ်) ဒဏ်ဆွဲတောင်၌ တည်ရှိသည်။ ဘုရင်မင်းစောအိုသည် ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅) တွင် ဤစေတီတော်ငါးဆူကို ယတြာပြုတည်ထားကိုးကွယ်ခဲ့သည်။ အဝေးကကြည့်လျှင် ဤစေတီငါးဆူမှာ လက်ငါးချောင်းပုံသဏ္ဌာန် အစီအရီအနိမ့်အမြင့်အတိုင်း လက်ဝါးဖြန့်ထောင်လျက် အကာအကွယ်ပြုပေးနေသည်နှင့်တူသောကြောင့် လက်ကွယ်တောင်စေတီဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ လက်ကြွယ်တော်ဓာတ်ကို ဌာပနာ၍ တည်ထားခဲ့သောကြောင့် လက်ကြွယ်တော်ဓာတ်စေတီဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်ဟု သိရပါသည်။