ရွှေဟင်္သာမွေတော်ဘုရား

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့တွင် တည်ရှိသည့် ရှေးဟောင်းဘုရားများ ဖြစ်ပါသည်။ အလောင်းစည်သူမင်းကြီးက သက္ကရာဇ် ၅၁၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ နှစ်ကာလကြာမြင့်သဖြင့် ပျက်စီးယိုယွင်းနေသော ဘုရားစေတီများကို မိုင်းပွန်မြို့ အနောက်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်က ဦးဆောင်၍ အများကောင်းမှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ဘုရားဝန်းအတွင်း စေတီတော် ၄၄ ဆူနှင့် ထိုင်တော်မူရုပ်ပွားတော်အဆူ ၂၀ ခန့်ဖူးမြော်နိုင်ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့၌ စည်ကားစွာကျင်းပပါသည်။