ရတနာသိင်္ဃစေတီ

Listing Description

မြောက်ဦးမြို့ ရတနာမှန်ကင်းစေတီတော်မှ တောင်ဘက်ကိုက် ၁၀၀ ခန့်အကွာ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ထိုတောင်ကုန်း၏အမည်ကို အစွဲပြု၍ "ငရွှီတောင်ဘုရား"ဟုလည်း ခေါ်သည်။ ကျောက်စာအရ မင်းဗာဘုရင်၏မြေး၊ မင်းတိက္ခာ၏သားတော် မင်းကြီးညိုမင်းသားက သက္ကရာဇ် ၉၄၃ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ စေတီတော်မှာ ကျောက်ညိုဖြင့် တည်ဆောက်ထားကာ အရံစေတီ ၈ ဆူကို အုတ်ဖြင့် တည်ဆောက်ထားသည်။ စေတီတော်၏ ဂန္ဓကုဋီတိုက်တွင် ကျောက်ဆစ်လက်ရာ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။