မုဏ်း

Listing Description

၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဆုနန္ဒာအောင် ဖြစ်သည်။ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် သမိုင်းဘာသာရပ် အဓိကဖြင့် တက်ရောက်သင်ကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် “ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်” ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိပြီးနောက် MRTV-4 မှ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် သရုပ်ဆောင်အသစ်အတွက် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော “Happy Beah” ရုပ်သံဇာတ်လမ်းတွဲ၌ ကြည်ဇော်ထက်၊ ကျော်ဆု၊ ခေးဆက်သွင်၊ ဝင့်ယမုံနိုင်၊ မြတ်သူသူတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်များ

ဘော်ဘော်ကထော် (၂၀၁၈)

ဟစ်တိုင် (၂၀၁၉)

လေဒီဒိန်းဂျား (၂၀၂၀)

မြက်နု (၂၀၂၀)

ရုပ်သံဇာတ်လမ်းတွဲများ

Happy Beach (၂၀၁၃)

ထာဝရမန္တလေး (၂၀၁၄)

မမထိပ်နှင့်အမွေစံအိမ် (၂၀၁၆)

ရွှေကြာဖူးသစ် (၂၀၁၈)

အဆိပ် (၂၀၁၈)

အလင်းထဲကလူ (၂၀၁၉)

လိပ်ပြာနှောင်ကြိုး (၂၀၁၉)

စေတလုံးမောင်ဘုန်း (၂၀၂၁)