ရဲထွေးအောင် (၁၉၉၃ – ၂၀၁၈)

Listing Description

၁၉၉၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၌ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။

ရဲထွေးအောင်သည် လူမှုကွန်ယက် (ဖေ့စ်ဘွတ်ခ်) ပေါ်တွင် ဟာသဗီဒီယိုများတင်ကာ လူသိများလာသူလည်းဖြစ်သည်။ ထို့နောက်တွင် ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးရန်ကမ်းလှမ်းခံရပြီး သရုပ်ဆောင်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ သူ၏ ပထမဆုံး သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မှာ "ကိုယ်စောင့်နတ်" ဖြစ်ပြီး အခြားသော ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ပါဝင် ရိုက်ကူးခဲ့သည်။ ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ဒိုင်ယာရီ ဇာတ်ကားတွင် သရုပ်ဆောင် နိုင်နိုင်း၊ မေမြတ်နိုးတို့နှင့်အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည်။

Myanmar Social Influencer Award 2017 တွင် Influencer of The Year (Comedy /Satier) ကို ရရှိခဲ့သည်။

၂၀၁၇-ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ နှစ်သစ်ကူးညတွင် ကလပ်တစ်ခုတွင် အရိုက်ခံရပီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၂၀၁၈-ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်ခဲ့သည်