မိုးအောင်ရင်

Listing Description

၁၉၈၇ ခု၊ ဇွန်လ ၂၈ ရက်တွင် ရန်ကုန်၌ မွေးသည်။ အဆိုတော် အောင်ရင်နှင့် မိုးသဉ္ဇာမြင့်တို့၏ သားဦးဖြစ်ပြီး သဉ္ဇာအောင်ရင် အမည်ရှိ ညီမတစ်ယောက် ရှိသည်။

ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်း၌ အလယ်တန်းထိ တက်ကာ အထက်တန်းကို အိုင်အယ်ဘီစီမှ ပြီးသည်။

၂၀၀၇ ခုတွင် ဗြိတိန်သို့ ဒါရိုက်တာပညာသင်ရန် စီစဉ်သော်လည်း လက်ကီးဆဲဗင်း ထုတ်လုပ်ရေးမှ ကား (၇၀) ချုပ်ရန် ကမ်းလှမ်းလာသဖြင့် မသွားဖြစ်တော့ဘဲ၂၀၀၈ ခုမှ စ၍ ဇာတ်ကားများ ရိုက်ခဲ့သည်။

၂၀၁၆ ခု၊ ဩဂုတ်လ ၂၉ ရက်တွင် မူးယစ်ဆေးရောင်းဝယ်မှုဖြင့် ထောင်ဒဏ် (၁၂) နှစ်ကျခဲ့သည်။ ၂၀၁၉ ခုနှစ် မေလတွင် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။