ဟန်သီ

Listing Description

၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ Stamford International University တွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် New York Film Academy ၌ ရုပ်ရှင်ပညာကိုလည်း သင်ယူခဲ့သည်။

Mizon Myanmar နှင့် Korea Model Assiciation တို့မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် New Face of Myanmar Contest 2012 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Face of Myanmar ဆုရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် Miss Golden Land Myanmar ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Myanmar 2014 ဆုရရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ပိုလန်နိုင်ငံ၊ Krynica-Zdroj ၌ ကျင်းပခဲ့သည့် Miss Supranational 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Asia၊ Oceania နှင့် Miss Internet Award ဆုများ ရရှိခဲ့သည်။

Miss Supranational 2014 ပြိုင်ပွဲအပြီး၌ အဆိုတော် တစ်ယောက်အဖြစ် “မချစ်တတ်သေးဘူး” တေးစီးရီးအယ်လ်ဘမ် ထွက်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် “အလွမ်းဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် အားသစ်၊ အိချောပိုတို့နှင့်တွဲဖက်၍ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော Miss World Myanmar 2018 အလှမယ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမရခဲ့ပြီး Miss World Myanmar 2018 အလှမယ် ဖြစ်လာခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံ၊ Sanya တွင်ကျင်းပပြုလုပ်သော Miss World 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top 11 စာရင်းဝင်ခဲ့သည်။