ချစ်သုဝေ

Listing Description

သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေကို ၁၉၈၄ ခု၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဦးဇော်ဝင်း၊ ဒေါ်ဒီဒီတို့မှ ရန်ကုန်၌ မွေးသည်။ ညီအစ်မ ၂ ယောက်ရှိပြီး အစ်မမှာ ချစ်ဆုဝေ ဖြစ်သည်။ အမည်ရင်းမှာ ထရီဇာလီလီယန်ဇော်ဝင်း ဖြစ်သည်။ အ.ထ.က (၃) မင်္ဂလာတောင်ညွန့်တွင် တက်ရောက်သင်ကြားခဲ့သည်။

ဆေးတက္ကသိုလ် (၂)ရန်ကုန် မှ ဆရာဝန်ဘွဲ့ ရသော်လည်း ဆရာဝန်အလုပ်ကို စွန့်ကာ အနုပညာဘဝကို ခံယူလိုက်သူ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ရဲလေး၊ စိုင်းစိုင်းခမ်းလှိုင်တို့နှင့်အတူ "နေတစ်ခြမ်းလတစ်ခြမ်း" ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် "ငယ်သူမို့မသိပါ" ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမ၏ သရုပ်ဆောင်ထူးချွန်မှုကြောင့် လူသိများလာခဲ့သည်။ ရုပ်ရှင်ကားပေါင်း ၅ ကားနှင့် ဗီဒီယိုကားပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့သည်။

၂၀၁၂ ခုတွင် စားသုံးသူကာကွယ်ရေးအသင်းတွင် အသင်းဝင် ဖြစ်လာသည်။ မြန်မာ မသန်စွမ်းသူများအသင်း၏ ကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခုတွင် ရွေးချယ်ခံရသည်။

အဆိုတော် လင်းလင်းနှင့် ၂၀၁၄ ခု၊ ဇန်နဝါရီလ ၃၁ ရက်တွင် လက်ထပ်ရာ ၂၀၁၇ ခုတွင် ခေတ် (မေမြန်မာခေတ်) နှင့် သစ် (မေမြန်မာသစ်) ဟူသော သမီးအမွှာ ထွန်းကားခဲ့သည်။

တေးစီးရီးအချို့

တရှိုက်မက်မက်

တိမ်တွေနေတဲ့ အရပ် ၂၀၁၀

မီးအိမ်ကဗျာ