မင်းမော်ကွန်း

Listing Description

၁၉၇၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဦးဌေးလွင် (ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း) နှင့် ဒေါ်ခင်နွယ်နွယ်ထွန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ နာမည်ရင်းမှာ ကျော်ကျော်ဌေးလွင် ဖြစ်သည်။ အ.ထ.က(၁)ဒဂုံမြို့နယ် ၏ ကျောင်းသားဟောင်းဖြစ်သည်။ အရပ် ၅ပေ၆လက်မ ဖြစ်သည်။ မသင်ဇာလှိုင်နှင့် လက်ထပ်ခဲ့သည်။ တတိယမြောက် ရင်သွေးကို ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၉၆-ခုနှစ်တွင် အရိပ် ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက် လာသည်။ ကမ္မပလ၊ သံယောဇဉ်ကြိုး၊ သုည၊ စတေးခဲ့သောမင်း၊ အမွှေအနှောက်၊ ဆဲလ်ဖီသရဲ စသည့် ရုပ်ရှင်ဇာတ်ကားများဖြင့် ပရိတ်သတ်စိတ်ဝင်စားမှုရရှိခဲ့သည်။ အရိပ်၊ နှလုံးလှလူမိုက်၊ အမေ့နို့ဖိုး စသည့် ရုပ်ရှင်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၀၁ ခုနှစ်တွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။

ဂီတဘက်တွင် အဆိုတော် အဖြစ်နှင့်လည်း မြေပဲယိုအဖွဲ့နှင့် မှတ်တိုင်ထူနိုင်ခဲ့သည်။ မိုးနဲ့မြေ၊ မြေပဲယို၊ ဇာတ်သိမ်း၊ မင်းပေးတဲ့ကမ္ဘာ၊ ရည်းစားစကား စသည့် သီချင်းကောင်းများစွာ ထွက်ရှိခဲ့ပြီး မြေပဲယို သီချင်းမှာ ပရိတ်သတ်များ အားပေးမှုအများဆုံးရရှိခဲ့သည်။ နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗို တို့နှင့်အတူ နှင်းဆီအငြိမ့်အဖွဲ့တွင် ပါဝင်ကပြခဲ့သည်။