ဘန်နီဖြိုး

Listing Description

အဆိုတော်ဘန်နီဖြိုးကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၌ ဦးရဲဝင်းနှင့်​ဒေါ်တင်အေးမွန်တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ပြည့်ဖြိုးပိုင်ဖြစ်သည်။ မွေးချင်း ၂ ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရခဲ့သည်။

၂၀၀၀ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ခုနှစ် ဝန်းကျင်တွင် နှစ်ပတ်လည်'၊ အလွမ်း​ပြေအနမ်းသီချင်းများ အွန်လိုင်းသီချင်းများတွင် ပျံ့နှံ့ခဲ့ပြီး ပရိသတ်စတင်သိလာခဲ့သည်။ ၂၀၁၀ပြည့်နှစ်တွင် ဖရန်ဇို (frenzo production)နှင့် ဘိုဘို (Bo Bo Entertainment)တို့မှ ပူး​ပေါင်းထုတ်လုပ်​သော ​​"ပျော်စရာကြီး"အယ်လ်ဘမ်တွင် ပါဝင်သီဆိုခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပွဲဦးထွက်အဖြစ် ပထမဆုံး​သော တစ်ကိုယ်​တော်အယ်လ်ဘမ် “ချစ်တယ်ဟုတ်” ၏ ​အော်ဒီယို စီဒီ(audio CD) ထွက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ချစ်တယ်ဟုတ်၏ MVထွက်ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်​နေ့တွင် ဒုတိယ​မြောက် တစ်ကိုယ်​တော်အယ်လ်ဘမ်ဖြစ်​သော “လူပျိုလှည့်​တေး” ထွက်ရှိခဲ့သည်။၂၀၁၄ခုနှစ်တွင် my little birthday treatအမည်ဖြင့် သီချင်း၃ပုဒ်အား အွန်လိုင်းမှတင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကိကိနှင့်တွဲဖက်၍ Duoအယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ၂၀၁၅ခုနှစ် ​အောက်တိုဘာလတွင် လူပျိုလှည့်​တေး၏ MVထွက်ရှိခဲ့သည်။

၂၀၁၆ နိုဝင်ဘာလ ၂၀ရက်​နေ့တွင် တတိယ​မြောက်တစ်ကိုယ်​တော် အယ်လ်ဘမ် Luckyထွက်ရှိခဲ့သည်။ ၂၀၁၈ခုနှစ် ဇူလိုင်လ ၉ရက်​နေ့တွင် ​စတုတ္ထ​မြောက်အဖြစ် Neon Dreamsအယ်လ်ဘမ်ထွက်ရှိခဲ့သည်။

တစ်ကိုယ်​တော်အယ်လ်ဘမ်များတွင် မပါဝင်​​သော သီချင်းအချို့ကိုလည်း အွန်လိုင်းမှတစ်ဆင့် ဖြန့်​ဝေထား​သေးသည်။

ဘန်နီဖြိုးသည် ​စိုင်းစိုင်းခမ်းလှိုင်၏ ​မွေး​နေ့​ဖျော်​ဖြေပွဲများတွင် ဆက်တိုက် ပါဝင်​ဖျော်​ဖြေခဲ့ပြီး နောက်ပိုင်းတွင် စိုင်းစိုင်းခမ်းလှိုင်၏ ဖရန်ဇို(frenzo)အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့ကာ ဖရန်ဇိုအဖွဲ့၏ frenzo tours များတွင် ပါဝင်​ဖျော်​ဖြေ​နေခဲ့သည်။ ၂၀၁၉ နှစ်သစ်ကူးတွင် forevergroup မှ ကျင်းပသော Myanmar countdown2019 တွင် အဆိုတော် LCYTN .AKA .Lucy Tun နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့သည်။

သူ၏​တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲများကို DREAMWORLDအမည်များဖြင့် ကျင်းပ​လေ့ရှိသည်။

​ကျော်ထွဋ်​ဆွေ၊လွှမ်းပိုင်၊Bobby Soxer၊နန်းသူဇာ၊နန်းမြတ်ဖြိုးသင်းတို့နှင့်အတူ Let's Goဟူ​သော ခရီးသွားအစီအစဉ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၆ခုနှစ်တွင် MNTVနှင့် Channel 9 ရုပ်သံများမှ ထုတ်လွှင့်သည့် CHARMဇာတ်လမ်းတွဲများတွင် ဇာတ်​ဆောင်​နေရာမှ သရုပ်​ဆောင်ခဲ့သည်။

သူ၏ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် Karrot by Bunny Phyoe အင်္ကျီအမှတ်တံဆိပ်တစ်ခုကို ၂၀၁၅ ခုနှစ် ဇူလိုင် ၉ ရက်​နေ့မှ စတင်လုပ်ကိုင်ခဲ့သည်။ ​နောက်ပိုင်းတွင် Her Alchemyနှင့်တွဲကာ HAXK အဖြစ် တွဲဖက်လုပ်ကိုင်လာသည်။

၂၀၂၀ပြည့်နှစ်တွင် သူ၏ ကိုယ်ပိုင်အမှတ်တံဆိပ် Karrotနှင့် Star Warsတို့ အတူတကွ တရားဝင် ပူးပေါင်းခွင့် ရရှိခဲ့ကာ Star Wars၏ ဇာတ်ကောင်များ၊ စာသားများနှင့် ရုပ်ပုံများအား အဝတ်အစား၊ အိတ်၊ ရေဘူး စသည်တို့တွင် သုံးစွဲခွင့် ရရှိခဲ့သည်။ ထို့ကြောင့် Karrotသည် Star Warsနှင့် ပူးပေါင်း၍ တရားဝင် ရောင်းချခွင့် ရရှိခဲ့သည့် ပထမဆုံး ပြည်တွင်းအမှတ်တံဆိပ် ဖြစ်လာခဲ့သည်။