မြတ်သူသူ

Listing Description

၁၉၉၀ ပြည့်နှစ် ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသမီးဖြစ်ပြီး ညီမနှစ်ယောက်နှင့် မောင်တစ်ယောက်ရှိသည်။ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ မရမ်းကုန်းတွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် စကားဝါသရုပ်ဆောင်သင်တန်း တက်ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Miss Gamone Pwint ပြိုင်ပွဲ၌ ပထမဆုရခဲ့ပြီး Miss Now How ပြိုင်ပွဲတွင် ဒုတိယဆု ရခဲ့သည်။ ထို့နောက် Forever Group မှ ထုတ်လုပ်ပြီး MRTV-4 တွင်ပြသခဲ့သော “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲတွင် ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ၊ ပျားရည်အိုင် စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်၍ ပရိသတ်အားပေးမှု ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် “နှစ်ယောက်တစ်ဘဝ” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် “ကြီးမြတ်သောမြန်မာ” ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အဆိုတော်တစ်ယောက်အဖြစ် တစ်ကိုယ်တော် အယ်လ်ဘမ် “မရှိမဖြစ်” တေးစီးရီးထွက်ရှိခဲ့သည်။

ပါဝင်ရိုက်ကူးခဲ့သော ရုပ်သံဇာတ်လမ်းတွဲများ

ထာဝရမန္တလေး

Flowers & Butterflies

Happy Beach Season 1 and 2

The Sign of Love: Book 2

ပန်းနုသွေး

ဝိညာဉ်ရှိုက်သံ

ဝင်္ကပါစံအိမ်

ကံကံ၏အကျိုး

ရတနာထဲကရတနာ

ချစ်ခွန်းခြွေသီ

ပျားရည်အိုင်

တတိယမြောက်ဆုံမှတ်

တို့မမနဲ့တို့

မှော်ပလ္လင်