နန်းမြင့်မျှော်စင်

Listing Description

နန်းမြင့်မျှော်စင်သည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး၏အတွင်းဘက် နန်းတော်ရာ၏ အရှေ့မြောက်ထောင့်တွင် တည်ရှိပါသည်။ အလျား ၃၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၉၀ ပေ (၃၀မီတာ)ခန့်ရှိသော နန်းမြင့်မျှော်စင်သည် အေဒီ ၁၈၂၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဘကြီးတော်စစ်ကိုင်းမင်း၏ နန်းတော်မှကြွင်းကျန်ခဲ့သည့် တစ်ခုတည်းသော အင်္ဂတေလက်ရာဖြစ်ပါသည်။ ၁၈၃၈ ခုနှစ်တွင် လှုတ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အပေါ်ပိုင်းအဆောက်အအုံ ပြိုကျခဲ့ရပြီး ယခုအခါ မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထားပြီး ဖြစ်ပါသည်။ ငလျင်ဒဏ်ကိုခံခဲ့ရသဖြင့်မျှော်စင်၏အဓိကကိုယ်ထည် မြောက်ဘက်သို့အနည်းငယ် တိမ်းစောင်းနေသော်လည်း ယနေ့တိုင် ကြံ့ခိုင်လျက်ရှိပါသည်။ မျှော်စင်အပေါ်သို့ တက်ရောက်ခွင့်ကိုမူ ပိတ်ပင်ထားပါသည်။ နန်းမြင့်မျှော်စင်သည် ၁၉ ရာစုအစောပိုင်း မြန်မာ့ဗိသုကာအနုပညာ၏ နမူနာပုံစံတစ်ခုဖြစ်သောကြောင့် သွားရောက်လေ့လာကြည့်ရှုသင့်ပါသည်။