ဓာတ်တော်တောင်

Listing Description

ဓာတ်တော်တောင်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ သပြေဝန်းရွာအနီးတွင် တည်ရှိပါသည်။ တောင်ပေါ်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ ဌာပနာထားသဖြင့် ဓာတ်တော်တောင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်ဟု သိရပါသည်။ တောင်တော်သည် မြေပြင်မှ အမြင့်ပေ ၁၁၁၀ ပေရှိပြီး တောင်ပေါ်တွင် သဘာဝထုံးကျောက် လှိုဏ်ဂူတော် တည်ရှိပါသည်။ လှိုဏ်ဂူတော်အတွင်း၌ အလွန်ကြည်ညိုဖွယ်ရာကောင်းသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ တည်ရှိပါသည်။ တောင်ပေါ်သို့ စောင်းတန်းမှတစ်ဆင့် ခြေလျင်သာ တက်ရောက်ရပြီး တောင်ပေါ်တွင် သိမ်၊ ကျောင်း၊ ဇရပ်၊ စေတီများ လှိူင်ဂူတော်တွင်းရှိ ဘုရားများ နှင့် စူဠာမဏိစေတီတော် စသည့် ခန့်ညားသပ္ပါယ်လှသည့် အဆောက်အအုံ၊ စေတီပုထိုးများကို မြင်တွေ့ရမည်ဖြစ်ပါသည်။