စည်းခုံကြီးစေတီတော်

Listing Description

စဉ့်ကိုင်မြို့နယ် မက္ခရာမြို့ဟောင်းအပြင်ဘက် အနောက်တောင်ထောင့် နှစ်ဖာလုံခန့်အကွာ ရွှေဇာတိရုပ်စေတီတော်ခေါ် ရွှေစာတီစေတီ၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော မုဌောစေတီငယ်ကိုငုံ၍ သက္ကရာဇ် ၆၈၇ ခုနှစ်တွင် ပင်းယဘုရင် မင်းကြီးသီဟသူ၏သားတော် ဥဇနာမင်းကြီးက တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် ပစ္စယံ သုံးဆင့်ရှိပြီး အဆင့်ဆင့်ကို တက်ရောက်ဖူးမြော်နိုင်ရန် လှေကားထစ်များလည်းရှိသည်။ စေတီတော်၏ ထောင့်လေးထောင့်တွင် စည်းခုံကြီးစေတီတော်ပုံစံတူ စိန်စည်းခုံစေတီငယ်၊ မြစည်းခုံစေတီငယ်ဟူ၍ ရွှေစည်းခုံစေတီငယ် နှစ်ဆူကို ဖူးမြော်နိုင်ပါသည်။ စေတီတော် ပရိဝုဏ်အတွင်း အနောက်တောင်ထောင့်တွင် မင်းကြီးရန်နောင်ဂူဘုရား တည်ရှိပါသည်။