ချမ်းသာကြီးဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၏အရှေ့မြောက်ဘက်တောင်ကုန်းပေါ်တွင် တည်ရှိသည့် ချမ်းသာကြီးဘုရားသည် ခရစ်နှစ် ၁၅၃၈ ခုနှစ်တွင် ပြည်ဘုရင်မင်းခေါင် တည်ထားကိုးကွယ်ခဲ့သော ဘုရားတစ်ဆူဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် စေတီတော်နှင့် ရုပ်ပွားတော်ကြီး ယိုယွင်းပျက်စီးခဲ့သဖြင့် မိုးကုတ်မြို့ပေါ်ရှိ ဂုဏ်သရေရှိလူကြီး ၂၈ ဦး အဖွဲ့ဖွဲ့၍ ဖိနပ်တော်ကို အတောင် ၅၀ အထိ ထပ်မံချဲ့ထွင် ပြင်ဆင်ကိုးကွယ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ ဝါခေါင်လတွင် ဗုဒ္ဓရက္ခိတရဟန်းတော် ဦးအာစရ အမှူးပြု၍ ထီးတော်တင်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်။ ထိုအချိန်မှစ၍ ထိုပွဲတော်နှင့် ဆွမ်းလောင်းပွဲကို စတင်ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်တွင် ချမ်းသာကြီးဘုရား ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းကြီးလောင်းပွဲ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ကျောက်မျက်ရတနာများအပါအဝင် ကျပ်သိန်းတစ် ထောင့်ငါးရာဝန်းကျင်ခန့်တန်ဖိုးရှိ ရွှေပိဿာငါးဆယ်ကျပ်သားဖြင့် ပြုလုပ်ထားသည့် ရွှေစေတီတော်ကြီးတစ်ဆူ၊ ဘော်ငါးပိဿာဖြင့် ပြုလုပ်ထားသည့် ငွေစေတီတော်တစ်ဆူတို့ကို အများကောင်းမှုဖြင့် ပြုလုပ်လှူဒါန်းခဲ့ပါသည်။ ချမ်းသာကြီးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပါသည်။