ဓာတ်ဖြူတောင်ဘုရားကြီး

Listing Description

မြောက်ဦးမြို့ထဲမှ လက်ဆည်ကန်သွားလမ်း၏ လက်ယာဘက် ပေ ၁၀၀ ခန့်မြင့်သော တောင်ကုန်းပေါ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၁၅ ခုနှစ် (အေဒီ ၁၅၁၃) တွင် ဂဇာပတိမင်းသည် မြတ်စွာဘုရား၏ ဖြူဖွေးသော အရိုးတော်ဓာတ်များအား ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၉၈၃ ခုနှစ် (အေဒီ ၁၆၁၂)တွင် ဘုရင်မင်းဗာကြီးက ထပ်မံမွမ်းမံပြုပြင် ပူဇော်ခဲ့သည်။ ဘုရားကြီးမှာ ဉာဏ်တော်အမြင့် ၁၀ ပေခန့်ရှိသော ကျောက်ဆင်းတုတော်ကြီး ဖြစ်ပြီး ကြာပလ္လင်တွင် ကျောက်ဆစ်အနုလက်ရာပြောင်မြောက်စွာဖြင့် ထုဆစ်ထားသည်။ ယခင်က ကျောက်ပုထိုးကြီးရှိခဲ့သော်လည်း ပြိုပျက်သွားခဲ့သဖြင့် ယခုအခါ သိမ်ဆောက်လုပ် ပူဇော်ထားသည်။