စားဖိုသီးဘုရားကြီး

Listing Description

မြောက်ဦးမြို့မှ တောင်ဘက် ၂ မိုင်ကွာဝေးသော ဘောင်းဒွတ်ရွာတွင် တည်ရှိသည်။ ဘုရင်မင်းဗာကြီးလက်ထက် ဘုရင်၏ စားဖိုမှူး (စားဖိုသီး) တို့က ယခင်ရှိခဲ့သော ဘုရားကို ပြုပြင်မွမ်းမံခဲ့ကြသောကြောင့် စားဖိုသီးဘုရားဟု ဘွဲ့အမည်တွင်ခဲ့သည်။ ဆင်းတုတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၆ ပေ ၄ လက်မရှိပြီး ဆင်းတုတော်ကြီးအား ကျောက်ထီးကြီးမိုးထားသည်ကို ကြည်ညိုဖွယ် ဖူးမြင်နိုင်ပါသည်။