ပဌာန်းစေတီ

Listing Description

မြောက်ဦးမြို့နယ် ပီပင်ကုန်းရွာ၏ အရှေ့မြောက်ဘက် မကျားတောင်တန်းပေါ်တွင် တည်ရှိသည်။ မြောက်ဦးခေတ်လက်ရာ စေတီတစ်ဆူဖြစ်သည်ဟု ပညာရှင်များ ခန့်မှန်းသုံးသပ်ကြသည်။ စေတီတော်၏ အောက်ခြေမှာ ရှစ်မြှောင့်ပုံဖြစ်သည်။ ကြာလွန်ပေါ်တွင် ပစ္စယံသုံးဆင့်ရှိပြီး စေတီတော်တစ်မြှောင့်စီတွင် မုခ်ထွက်ဂူငယ်တစ်ခုစီရှိရာ စုစုပေါင်းဂူငယ် ၂၄ ခုရှိသည်။ ထိုဂူငယ် တစ်ခုစီတွင် ဘုရားဆင်းတုတော်တစ်ဆူစီ ကိန်းဝပ်လျက်ရှိရာ ဘုရားဆင်းတုတော်ပေါင်းလည်း ၂၄ ဆူကိန်းဝပ်လျက်ရှိသဖြင့် "၂၄ပစ္စည်းပဌာန်းစေတီ" ဟု ခေါ်တွင်ကြသည်။ ဘုရားဆင်းတုတော်များ၏ ဆံရစ်တော်များမှာ ရှစ်မြှောင့်ပုံရှိပြီး ဆံရစ်တော်ပတ်လည်ကို စိပ်ပုတီးတစ်ပတ်စီဖြင့် ပတ်ထားရှိသည်။