ချမ်းသာကြီးမြတ်စွာဘုရား

Listing Description

သမိုင်းဝင် ချမ်းသာကြီးမြတ်စွာဘုရားသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၉၁ လမ်းနှင့် ၂၆ လမ်းထောင့်တွင် တည်ရှိပါသည်။ သိရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ထို့နောက် အလောင်းစည်သူမင်းမြတ်သည် စေတီတော်ကြီးအား ထပ်၍ပြုပြင်မွမ်းမံကာ သစ်ကနက်ဘုရား ၂ ဆူကို စေတီတော်၏ တောင်ဘက်မျက်နှာ၌ထား၍ လှူဒါန်းခဲ့ပါသည်။ ကုန်းဘောင်ရာဇဝင် စာမျက်နှာ ၇၄၂ တွင် သက္ကရာဇ် ၁၁၄၄ ခုနှစ် မှ ၁၀၇၁ ခုနှစ်အထိစည်းစိမ်တော် (၂၆) နှစ်တွင်း မင်းတုန်းမင်းကြီး၏ အိမ်ရွှေနန်းသီရိမဟာဘိယသီဟသူရဘွဲ့တော် အိမ်ရှေ့မင်းတရားသည် မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ပင့်ဆောင်ရာတွင် ဖေါင်တော်ဦးတင်၍ ပင့်တော်မူခဲ့သောဘုရားကို တည်ထားကိုးကွယ်ရန် နေရာရှာသောခဏတွင် လက်မ၌ ခူနာပေါက်၍ဆောက်တည်ရာမရ ပြည်ကိုက်လှသဖြင့် သမားဟူးရားတို့မေးရာ ၄င်းတို့က အမရပူရမြို့တော်မှ အနောက်မြောက်အရပ်၌ အိမ်ရှေ့မင်းကြီးနှင့် သတ္တဝါများ ချမ်းသာစေခြင်းနှင့် ဖောင်တော်ဦးမှပင့်တော်မူခဲ့သော ရုပ်ပွားတော်ကိုတည်ထားကိုးကွယ်ရန်.အဓိဋ္ဌာန်ပြုပါက ဤခူနာသည် ပိန်းကြာဖက်တွင် ရေမတင် သကဲ့သို့ ပျောက်ကင်းချမ်းသာမည်ဟု လျှောက်ထားသဖြင့် လျှောက်သည့်အတိုင်း အဓိဋ္ဌာန် ပြုသောအခါတွင် ပျောက်ကင်းချမ်းသာသဖြင့် ၄င်းစေတီတော်ကြီးကို အသစ်တဖန်ပြုပြင်၍ အရှေ့မုခ်၌ပင် ပင့်ဆောင်လာသော ရုပ်ပွါးတော်ကို တည်ထားကိုးကွယ်ရာ ခူကိုက်နာ ပျောက်ကင်းချမ်းသာခြင်း အကြောင်းပြု၍ "ချမ်းသာကြီးဘုရားဟု" အမည်ဆက်ကပ်၍ တည်ထားကိုးကွယ်ခဲ့ပါသည်။