အောင်ဆုပြည့်ကြောင်း ရှစ်သောင်းလေးထောင်စေတီ

Listing Description

ပခုက္ကူမြို့မှ နှစ်မိုင်ခန့်အကွာ၊ ကျွဲတဲကမ်းနားကျေးရွာ၊ မင်းကုန်းကျောင်းဝိုင်း၊ အဂ္ဂရံသီမေဒနီကုန်းမြေတွင် တည်ရှိပါသည်။ စေတီတော်ကြီးကို နှစ်ပေါင်း ၃၀ ခန့်ကြာ အချိန်ယူတည်ဆောက်ခဲ့ရသည်။ ပထမဦးစွာ ‘၃၁ ဘုံကျော်လွန်အောင်’ ဟူသော ဘွဲ့တော်အမည်ဖြင့် စေတီတော် တစ်ဆူတည်ထားခဲ့ရာ ငွေကြေးအခက်အခဲရှိခဲ့ခြင်းကြောင့် ၃၀ ရာခိုင်နှုန်းခန့်အထိသာ တည်ထားနိုင်ခဲ့သည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်  (ခရစ်နှစ် ၂၀ဝ၃ ခုနှစ်) တွင် ခုက္ကူမြို့ မဟာဝိသုတာရာမ(အလယ်)တိုက်ကြီး၏ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝိစာရဦးစီး၍ ဒကာ၊ ဒကာမများ စုပေါင်းကာ အလှူခံခြင်း၊ ပန္နက်တင်ခြင်း၊ အုတ်မြစ်ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး "၃၁ ဘုံကျော်လွန်အောင် စေတီတော်" ပန္နက်ဟောင်းကို နှုတ်ကာ ‘အောင်ဆု ပြည့်ကြောင်း ရှစ်သောင်းလေးထောင်’ ဘွဲ့အမည်တော်ဖြင့် စေတီတော်ကြီး ပန္နက်တော်တင် တံဆိပ်ကပ်တော်မူခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ပုဂံခေတ် မြန်မာမှုအနုပညာလက်ရာများကို အခြေခံ၍ မွမ်းမံခြယ်သထားသောကြောင့် စေတီတော်ကြီးသည် မုခ် ၈ မုခ်ပါ  ရှစ်ထောင့်ပုံစံ စေတီတော် ကြီးဖြစ်ပါသည်။ စေတီတော်ကြီး၏ အပြင်ပိုင်းကို အရံစေတီ ၂၄ ဆူဖြင့် ဘုံအဆင့်ဆင့်တွင် တည်ထားလျက်ရှိပြီး ဉာဏ်တော် အမြင့် ၇၅ ပေရှိပါသည်။ ထို့ပြင် စေတီတော်ကြီး၏ အတွင်းပိုင်းတွင် မျက်နှာကျက် ၂၄ ခန်းရှိပြီး အရပ်လေးမျက်နှာကို မျက်နှာထားပြီး လက်ရာမြောက်စွာ ကိန်းဝပ်စံပယ်တော်မူသည့် ရပ်တော်မူဘုရားလေးဆူ၊ အရပ်လေးမျက်နှာ၏ အခန်းပေါင်း ၃၂ ခန်းတွင် ဗုဒ္ဓဝင်၊ ဇာတ်တော်ကြီး စသည့်  နံရံဆေးရေးပန်းချီများ၊ လိုဏ်အတွင်း တစ်ခန်းစီတိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ငယ်ပေါင်း ၂၁၀ဝ၀ စီနှင့် ရုပ်ပွားတော်ပေါင်း ၈၄၀ဝ၀၊ ထိုင်ကိုယ်တော် ၉၆ ဆူတို့ကို ဖူးမြင်နိုင်ပါသည်။