လောင်းကြက်တောင်မော်ကျောက်စာ

Listing Description

မြောက်ဦးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ လေးမြို့မြစ်ကမ်းဘေး လောင်းကြက်တောင်မော်တွင်တည်ရှိပါသည်။ အလျား ၃၀ ၊ အနံ၂၅ ပေခန့်ရှိသည့် သဘာဝ ကျောက်တောင်တွင် ရေးထိုးထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်စာတစ်ခုဖြစ်သည်။ ရခိုင်ဘုရင်မင်းထီး သက္ကရာဇ် (၆၄၁ – ၇၄၆) မှ ရက္ခဝဏ္ဏအက္ခရာ ရခိုင်စာဖြင့် ရေးထိုးခဲ့သော အလှူမှတ်တမ်း ကျောက်စာဖြစ်သည်ဟုသိရသည်။ ကျောက်စာ၏ ထူးခြားချက်မှာ နှစ်ကာလ ကြာညောင်း၍ သဘာဝကျောက်ဆောင်မှ ကျောက်လွှာများ ကွဲအက်ပြိုလဲသွားသော်လည်း မူလကျန်ခဲ့သည့်ကျောက်ဆောင်တွင် လေးမြို့ခေတ်မှ ဘုရင် မင်းထီးရေးထိုးထားခဲ့သည့် အတိုင်း စာများ ပြန်လည်ပေါ်လာခြင်းပင်ဖြစ်ပါသည်။ ၎င်းစာများသည် ကျောက်လွှာများ ကွာကျသည့်အချိန်တွင် ရှိနေခြင်းမဟုတ်ဘဲ တဖြည်းဖြည်း ထင်ရှားစွာဖြင့် ပြန်လည်ပေါ်ပေါက်လာခြင်း၊ ဖြစ်သည်။ ယခုအခါတွင် ထိုကျောက်စာကို အမိုးအကာများဖြင့် လောင်းကြက်တောင်ပေါ်တွင် ထိန်းသိမ်းထားပါသည်။