အရှေ့ရန်ကာဘုရားနှင့် အနောက်ရန်ကာဘုရား

Listing Description

မြောက်ဦးမြို့ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ အောင်သာကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ တောင်ကုန်းငယ်တစ်ခုပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၉၇ ခုနှစ် (အေဒီ ၁၅၃၅)တွင် မင်းဗာကြီးသည် မြောက်ဦးမြို့တော်ကို အဆင့်မြင့်တည်ဆောက်စဉ် ဦးမြဝါက မြို့တော်ကို ကာကွယ်ရန် အကာကြီး ၁၀၀၊ အကာငယ် ၁၀၀၀ စီရင်ခဲ့ရာ ဤအရှေ့ရန်ကာဘုရားနှင့် အနောက်ရန်ကာဘုရားသည်လည်း အပါအဝင်ဖြစ်သည်ဟု ဆိုကြသည်။ အရှေ့ရန်ကာဘုရားသည် ဉာဏ်တော်အမြင့် ၇ ပေ ၆ လက်မခွဲရှိပြီး အရှေ့ဘက်သို့မျက်နှာမူနေကာ အနောက်ရန်ကာဘုရားသည် ဉာဏ်တော်အမြင့် ၈ ပေ ၄ လက်မရှိပြီး အနောက်ဘက်သို့ မျက်နှာမူလျက် အသီးသီးကိန်းဝပ်လျက်ရှိသည်။ ယခင်က ထိုဘုရားနှစ်ဆူသည် ခြုံနွယ်များ ဖုံးအပ်မြေခလျက်ရှိနေရာမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စေတနာရှင် ပြည်သူများက မူလအနေအထားအတိုင်း ပြုပြင်ထားရှိကြသည်။