ပန်းဈီးမြောင်ရှင်ပင်ဘုရား

Listing Description

မြောက်ဦးမြို့ ပန်းကုံးသိမ်၏တောင်ဘက် ပန်းဈီးချောင်းအနီးတွင် တည်ရှိသည်။ ဆင်းတုတော်နှင့် ပလ္လင်ကို မြေထဲစေတီမှ ကောဇာသက္ကရာဇ် ၁၂၈၇ ခုနှစ် (အေဒီ ၁၉၂၅)တွင် လက်ရှိနေရာသို့ ပြောင်းရွှေ့ပင့်ဆောင်ကိန်းဝပ်စေခဲ့ကြ၍ ပန်းဈီးမြောင်ရှင်ပင်ဟု အမည်တွင်ခဲ့သည်။ ဉာဏ်တော်အမြင့် ၃ ပေ ၂ လက်မရှိသော ကျောက်ဆင်းတုတော်ဖြစ်ပြီး ကျောက်ဆစ်လက်ရာများ လှပစွာ ထုဆစ်ထားသည့် ပလ္လင်ပေါ်တွင် ဖူးတွေ့ရသည်။ ကျောက်ပလ္လင်တွင် မြင်းစီးနေဟန်၊ ဓားရေးပြဟန်၊ ပဉ္စသိင်္ခနတ်သား စောင်းတီးခတ်နေဟန်၊ ရှင်ဘုရင်ပုံ၊ အမတ်ပုံ၊ ပန်းကိုက် တိရစ္ဆာန်များပုံတို့ကို မြောက်ဦးခေတ်ကျောက်ဆစ်အနုလက်ရာ ပန်းတမော့မှတ်တိုင်တစ်ခုအဖြစ် တွေ့မြင်နိုင်သည်။