နန်းဦးဘုရား

Listing Description

မြောက်ဦးမြို့ မင်္ဂလမာရ်အောင်စေတီ၏ အရှေ့တောင်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၉၉၁ ခုနှစ် (အေဒီ ၁၆၂၉)တွင် ဘုရင်သီရိသုဓမ္မရာဇာနှင့် မိဖုရားကြီးနတ်သျှင်မယ်တို့ တည်ထားကိုးကွယ်ခဲ့သည်။ ကျောက်သားပကတိ ဆင်းတုတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၇ ပေ ၇ လက်မရှိသည်။ ပလ္လင်တော်သည် ကျောက်ဆစ်လက်ရာများဖြင့် လှပတင့်တယ်သည်။ ဘုရားသိမ်တော်၏ အရပ်လေးမျက်နှာ၌ ကျွန်းကြီးလေးကျွန်းမှ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးစီ ယှဉ်တွဲရပ်နေသော ရုပ်တုများကို မြင်တွေ့နိုင်သည်။ ထို့ပြင် နန်းဦးဘုရားမှ အနောက်တောင်ဘက် ကိုက် ၁၅၀ ခန့်အကွာတွင် မြောက်ဦးမြို့တော်ဟောင်း၏ မြို့ရိုးတံတိုင်း၊ ကျောက်သားဖြင့် ပြုလုပ်ထားသော ပစ္စင်၊ ပြအိုး၊ မြို့တံခါး၊ အမြောက်လက်နက်များ တပ်ဆင်ခဲ့သည့်အပေါက်နေရာဟောင်းများ စသည်ဖြင့် လေ့လာနိုင်သည်။