ရွှေထီးဆောင်းဘုရား

Listing Description

ရွှေထီးဆောင်းဘုရားသည် မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ မဟာဗောဓိစေတီတော်၏ မြောက်ဘက်အနီးတွင် တည်ရှိပါသည်။ အရှေ့ဘက်မုခ်လှည့် တစ်ထပ်ဂူ ကွမ်းတောင်ပေါက် ဂူဘုရားလတ်တစ်ဆူဖြစ်ပြီး ကျန်စစ်သား ထီးလှိုင်မင်းအဖြစ် ရွှေထီးဆောင်းစဉ်ကာလက တည်ထားခဲ့သည်ဟု ဆိုပါသည်။ ဂူအတွင်းအလယ်၌ ရုပ်ပွားဆင်းတုတော်ကြီးတစ်ဆူနှင့် နံရံဆေးရေးပန်းချီလက်ရာများ ကျန်ရှိပါသည်။ အပြင် အဝင်မုခ်တံကဲကြီးနှင့် ပြတင်းမုခ်တံကဲတို့တွင် အင်္ဂတေပန်းကြွများ ရှေးမူအတိုင်း ကြည့်ရှုစရာလက်ရာအချို့ ကျန်ရှိနေပါသည်။