ညီမတော်ဘုရား

Listing Description

မြောက်ဦးမြို့ သိမ်ကြီးရွှေဂူဘုရား၏တောင်ဘက် ကိုက်အနည်းငယ်အကွာ၊ မြောက်ဦး-မြောင်းဘွေကားလမ်း၏ တောင်ဘက်ရှိ ကုန်းပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၄၅ ခုနှစ် (အေဒီ ၁၄၈၃) တွင် ဘုရင်မင်းသုဒ္ဓေါလျာ၏ သမီးငယ် စောနန်းမင်းဖြူ၏ ညီမတော် မင်းသမီးစောသုဘာက ကျောက်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားပလ္လင်တော်တွင် စိတ်ဝင်စားဖွယ်ရာကောင်းသော ကျောက်ဆစ်အနုလက်ရာများရှိသည်။ ၎င်းအထဲတွင် စောင်းပိုက်ထားသော လူတစ်ဦးပုံမှာ သရုပ်ပေါ်လွင်လှပြီး ထိုခေတ်၏ ဝတ်စားဆင်ယင်မှုနှင့် စောင်း၏ပုံကို တွေ့နိုင်ပါသည်။ ဘုရား၏ အနောက်ဘက် လမ်းတစ်ဖက်တွင် ပုဏ္ဏားမြောင်းခံတပ်နှင့် ဆင်ဖြူတော် ရေတံခါးတို့ တည်ရှိသဖြင့် ဆက်လက်သွားရောက် လေ့လာကြည့်ရှုနိုင်သည်။