လက်ကောက်ဈီးကျောင်းတိုက်

Listing Description

မြောက်ဦးမြို့ အနောက်ပိုင်း လက်ကောက်ဈီးရပ်ကွက်တွင် တည်ရှိသည်။ ထိုကျောင်းတိုက်တွင် ရှေးဟောင်းဆင်းတုတော်မုဒြာမျိုးစုံ၊ မဟာကျန်သွန်းစက်တော်၊ ရခိုင်ရှေးဟောင်းဒင်္ဂါးများ၊ ဗြိတိသျှခေတ်ငွေဒင်္ဂါးများ၊ နှောင်းခေတ်ငွေစက္ကူများနှင့် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များစွာတို့ကို ခင်းကျင်းပြသထားရှိသည်။ ထို့ပြင် ဓညဝတီခေတ် သူရိယစက္ကမင်း၏ မိဖုရားကြီး ရုဇိတာဒေဝီ တည်ထားခဲ့သော မဟာကျန်ဘုရားလည်း ကိန်းဝပ်လျက်ရှိပြီး ထိုမဟာကျန်ဘုရားမှာ မဟာမြတ်မုနိဘုရားကြီး သွန်းလုပ်စဉ်က ကျန်ရှိခဲ့သော ရတနာပဉ္စလောဟာတို့ဖြင့် သွန်းလုပ်တည်ထားပြီး ဆင်းတုတော်၏ ဓမ္မခဏ်တွင် "၂၄၉ ရုဇိတာမိဖုရားကောင်းမှု" ဟု ကမ္ပည်းစာရေးထိုးထားခဲ့သည်။