မော်ဓောမြင်သာစေတီ (မြို့ထောင့်စေတီ)

Listing Description

မော်ဓောမြင်သာစေတီ သည် ရွှေဘိုမြို့၏အရှေ့မြောက်ထောင့်အရပ် ကျုံးမြို့ရိုးဘေးတွင် တည်ရှိပြီး အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှ ပဲခူးမြို့ ရွှေမော်ဓောစေတီ ပုံတော်အချိုးအစားအတိုင်း တည်ခဲ့ခြင်းဖြစ်ပါသည်။ ဘွဲ့တော်မှာ မော်ဓောမြင်သာစေတီ ဖြစ်ပြီး ဒေသခံများက မြို့ထောင့်စေတီဟု ခေါ်တွင်ပါသည်။ နှစ်စဉ်တော်သလင်းလပြည့်ကျော် ၈ ရက်မှ သီတင်းကျွတ်လဆန်း ၁ ရက်အထိ မော်ဓောမြင်သာမြို့ထောင့်စေတီတွင် ဗုဒ္ဓပူစနိယပွဲတော် ကျင်းပပါသည်။