ပါဒခြေတော်ရာ

Listing Description

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မုန်စဲ(မိုးစည်)ကျွန်း၊ သာစည်ထောင့်ရွာနှင့် ဖြူချောင်းရွာအကြား နမ္မဒါမြစ်ကမ်းနဖူး ကျောက်ဆောင်ကြီးပေါ်၌ တည်ရှိပါသည်။ ခြေတော်ရာသည် မြောက်အရပ်သို့ ခြေတော်ဦးတည့်လျက်ရှိပြီး အလျားအားဖြင့် ၃၂ လက်မ၊ ဗျက်အားဖြင့် ၁၅ လက်မ၊ စောက်အားဖြင့် ၃.၂၅ လက်မရှိပါသည်။ ၁၂၆၀ ခုနှစ်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဤပါဒခြေတော်ရာကို ဒုတိယမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ကြွရောက်ဖူးမြော်ခဲ့ပါသည်။ ဆရာတော်ကြီးသည် မှန်ဘီလူးဖြင့် ပါဒခြေတော်ရာအား စေ့စေ့စပ်စပ် ဖူးမြင်ပြီး မျက်မြင်သဘာဝယုတ္တိများ၊ ပိဋကတ်တော်လာ အာဂမယုတ္တိများနှင့်တကွ နှီးနှောဆက်စပ်မှုပြုကြောင်း အထူးလေ့လာ သုံးသပ်၍ "ဤခြေတော်ရာသည် ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ ခြေတော်ရာပင် ဟုတ်ပေမည်" ဟု မိန့်ကြားခဲ့ကြောင်း မှတ်သားရပါသည်။