ရွှေရင်မျှော်ပြည်တော်အေးစေတီ

Listing Description

ရွှေရင်မျှော်ပြည်တော်အေးစေတီသည် ကရင်ပြည်နယ် ဘားအံမြို့၏ အနောက်မြောက်စွန်းစွန်း သံလွင်မြစ်၏ ကမ်းနဖူးဖော်တွင် တည်ရှိသည့် ဘားအံမြို့၏ ကျက်သရေဆောင် စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်၏ဉာဏ်တော်မှာ ၄၈ ပေအမြင့်ရှိပြီး ဆရာတော် ဘန္ဒန္တ စန္ဒောဘာသမှ သက္ကရာဇ် ၁၃၂၀ ပြည့်နှစ် ကဆုန်လဆန်း ၇ ရက် ကြာသပတေးနေ့တွင် ဓါတ်တော်မွေတော်များ ဌာပနာ၍ တည်ထားခဲ့ပါသည်။ ရွှေရင်မျှော်စေတီတည်ထားသော ကုန်းတော်၏ မြောက်ဘက်အစွန်းဆုံးတွင် နောင်တော်ကြီးစေတီတည်ရှိပြီး နောင်တောင်ကြီးစေတီ၏ တောင်ဘက်တွင် ဖားနဂါးရုပ်ထု ရှိပါသည်။