ဝဲပျံဂူ

Listing Description

ဝဲပျံဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ဘားအံမြို့မှမိုင် ၄၀ ခန့်အကွာ မိဇိုင်းကျေးရွာအုပ်စု၊ ဝဲပျံကျေးရွာ၌တည်ရှိပါသည်။ အမြင့်ပေ ၅၀၀ ကျော်ရှိ၍ အရှည် ၄ မိုင် ကျော်ခန့်ရှိသည့် ထုံးကျောက်တောင်၌ တည်ရှိပြီး ဂူတော်မှာ အလျားပေ ၂၀၀ ခန့်၊ အနံပေ ၇၀ ခန့်နှင့် အမြင့် ပေ ၃၀ ခန့်ရှိသည်။ ဂူအတွင်း၌ အုတ်ခွက်ဘုရားများ၊ နံရံဆေးပန်းချီလက်ရာများမှာ ကော့ဂွန်းဂူရှိ လက်ရာများနှင့် တစ်ထပ်တည်းတူညီမှုရှိ၍ တစ်ခေတ်ထဲ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းသိရပါသည်။ ယခုအခါ ရှေးဟောင်းလက်ရာလေ့လာသူများ၊ သဘာဝရှုခင်း လေ့လာလိုသူများ၊ ဂူဘုရားဖူးမျှော်လိုသူများဖြင့် စည်ကားလျက်ရှိသော လိုဏ်ဂူဖြစ်ပါသည်။