ကြာအင်းတောင်

Listing Description

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတွင် တည်ရှိသည်။ ကြာအင်းတောင်တွင် စေတီ ၇ ဆူရှိသောကြောင့် ခုနစ်ဆူတောင်ဟုလည်း ခေါ်ကြပါသည်။ ယခင်အချိန်က တောင်တက်လမ်းမှာ အနည်းငယ် ကြမ်းတမ်းလှသဖြင့် တက်ရောက်သူနည်းပါးလှသော်လည်း ယခုအခါ ဘားအံမြို့၊ တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိအရှင်သူမြတ် ကြီးမှူးဦးဆောင်၍ အများအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် တောင်တက်လမ်းအား ကွန်ကရစ်လမ်း ခင်းပြီးဖြစ်သဖြင့် ကား၊ ဆိုင်ကယ်များဖြင့် စေတီ ၆ ဆူအထိ တက်ရောက်ဖူးမြင်နိုင်ပြီး ကျန်တစ်ဆူကိုသာလျှင် လှေကားဖြင့် အနည်းငယ်တက်ရောက် ဖူးမြင်ရမည်ဖြစ်ပါသည်။ တောင်ပေါ်သို့ရောက်ရှိပါက အလွန်အေးချမ်း သာယာရှိလှသည့်အပြင် ဓာတ်ပုံဝါသနာရှင်များအတွက် ဓာတ်ပုံကောင်းများစွာ ရရှိနိူင်မည်ဖြစ်ပါသည်။