လိုဏ်ကော့ဖျားဂူ

Listing Description

လိုဏ်ကော့ဖျားဂူသို့ ဘားအံမြို့တွင်းမှ ကီလိုမီတာ ၃၀ ဝန်းကျင် ( ၁၉ မိုင်ခန့်) သွားရသည်။ ဘားအံ လှိုင်းဘွဲ့လမ်းသို့ကွေ့ပီး ညာဘက် မဲဘောင်-နောင်ပလိန် ရွာမြေလမ်းအတိုင်း မိနစ် ၄၀ ခန့်သာသွားရသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တောင်ကလေးဆရာတော် အရှင်ပညာသာမိက ဦးဆောင်ကြီးကြပ်၍ ရှေးခေတ် ဘုရားပျက်တည်ရှိရာလိုဏ်ဂူအား လက်နက်ခဲယမ်းများဖြင့် ဂူပေါက်ပွင့်စေကာ လိုဏ်ဂူအား ပြန်လည်ပြုပြင်စေခဲ့ခြင်းဖြစ်သည်။ လိုဏ်ဂူပုံစံသည် ဒယ်အိုးကြီးမှောက်ထားသကဲ့သို့တည်နေပြီး အထဲတွင် ရှေးလက်ရာ ဘုရားဟောင်းများ ဘုရားပျက်များ၊ ကျောက်ခက်ပန်းဆွဲများ၊ လှိုဏ်ဂူအပေါက်များ များပြားစွာတည်ရှိနေပြီး လူသူအရောက်နည်းပါးသောကြောင့် သဘာဝပုံစံများ များစွာတည်ရှိနေသေးသည်။