အရူးပျောက်ဘုရား

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှင်မုတ္ထီးဘုရားအနီးတွင် တည်ရှိပါသည်။ အင်းဝဘုရင်မင်းခေါင်၏ သားတော်မင်းတရား၏ ကုသိုလ်ကောင်းမှုဖြစ်ပါသည်။ မင်းတရား စိတ်ဖောက်ပြန်သွားစဉ် စောပညာဆိုသူ အမျိုးသမီးက ကုသပေး၍ ရောဂါ ပျောက်ကင်းသွားသည်။ ထို့ကြောင့် ၁၄၁၈ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ဆုတောင်းပြည့်ဘုရားကို အထိမ်းအမှတ်အဖြစ် တည်ထားခဲ့ပြီး 'အရူးပျောက်ဘုရား'ဟု ခေါ်တွင်ခဲ့ပါသည်။