သက်တော်ရဘုရား

Listing Description

သက်တော်ရဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ မြင်းကပါရွာ၊ အပယ်ရတနာဘုရားအရှေ့ဘက်ကပ်လျက် တည်ရှိပါသည်။ အရှေ့မျက်နှာလှည့် ဂူဘုရားငယ်တစ်ဆူဖြစ်ပြီး ထိုဘုရားအာရုံခံမြောက်ဘက်နံရံတွင် ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားသော အင်းဝခေတ်ရေး မင်စာ ၁၆ ကြောင်းကို ကြည့်ရှုလေ့လာနိုင်ပါသည်။