တောင်ဝိုင်းတောင်

Listing Description

တောင်ဝိုင်းတောင်သည် ဘားအံမြို့အနီး ဘာအံ-လှိုင်းဘွဲ့လမ်းခွဲမှတစ်ဆင့် ထူးဂုဏ်ရွာအဝင်လမ်း တောမှီရဟန်းလမ်းမှ ဆိုင်ကယ် သို့မဟုတ် ကားဖြင့် မိနစ် ၂၀ ခန့်သွားရောက်နိုင်ပါသည်။ ပေ ၂၆၀၀ ကျော်အမြင့်ရှိ တောင်ဝိုင်းသို့ ဒီဇင်ဘာလကဲ့သို့သော ပွင့်လင်းရာသီမျိုးတွင် တောင်တက်ခရီး ပြုလုပ်ရန် ကောင်းသော တောင်တစ်ခုဖြစ်ပါသည်။ တောင်ထိပ်ရှိ ဆုတောင်းပြည့် လောကဝိဓူစေတီကိုလည်း မိုးပျံသံလှေကားမှတစ်ဆင့် ဖြတ်သန်းဖူးမြော်နိုင်ပြီး ရင်သပ်ရှု့မောဖွယ် ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။