ဣစ္ဆာသယလိုဏ်ဂူ

Listing Description

ဣစ္ဆာသယလိုဏ်ဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအနီး ဧက ၉၀ ရှိသော ဣစ္ဆာသယတောင် (တောင်ဝိုင်းတောင်အနီး) တွင် တည်ရှိပါသည်။ ဘားအံ-လှိုင်းဘွဲ့ လမ်းဆုံမှတစ်ဆင့် မဲဘောင်ရွာသို့သွားရပြီး မဲဘောင်-နောင်ပလိန်ရွာ လမ်းအတိုင်း သွားရောက်နိုင်ပါသည်။ ဣစ္ဆာသယလှိုဏ်ဂူသည် နှစ်ဖက်ပေါက် ရေဝင်ဂူဖြစ်ပြီး ဂူအတွင်း အရှည်ပေ ၁ဝဝဝ ကျော်နီးပါးရှိကာ လေဝင်လေထွက် ကောင်းမွန်ပါသည်။ ဂူအတွင်း၌ အံ့သြဖွယ်ရာ သဘာဝအလျောက် စိတ်ဝင်စားဖွယ်ရာ ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက် မိုးမျှော်များ၊ တောင်ကျရေတိုက်စားထားသော ကျောက်သားနံရံကြီးများ၊ ဂူအလယ် ပိုင်းတွင်  ကျယ်ပြန့်သော မြေပြန့်ကြီး တစ်ခုတို့သည် သဘာဝအတိုင်း လှပစွာဖြစ်ပေါ်နေပါသည်။