မင်းငါးပါးဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံဘုရား စနေ့ထောင့်တွင် တည်ထားသော ဆုတောင်းပြည့်မင်းငါးပါးဘုရား ဖြစ်ပါသည်။ ဘိုးဘိုးအောင်သည် နေလဘုရားနှင့် မင်းငါးပါးဘုရားတို့ အရှေ့၌ အင်းစမ လက်ဖွဲ့တို့ ထိုးပေးလေ့ရှိသည်ဟူသော အဆိုတစ်ရပ်လည်း ရှိသည်။ ထိုဘုရားနှစ်ဆူလုံးကို ဘိုးဘိုးအောင် တည်ခဲ့သည်ဟု ဆိုသည်။ နေလဘုရားသည် အင်းစုတ်ရာဖြစ်၍ 'ဆေးထိုးဆင်းတု' ဟုခေါ်သကဲ့သို့ မင်းငါးပါးဘုရားသည် ထွက်ဆေးထိုးရာ ဖြစ်သဖြင့် 'ထွက်ဆေးထိုးဆင်းတု' ဟု ခေါ်ကြသည် ဆိုသည်။။