ကောင်းမှုတော်စေတီ

Listing Description

တောင်ငူမြို့၊ ကေတုမတီနန်းတော်အပြင်ဘက်၊ ကောင်းမှုတော်ရွာအတွင်းတွင် တည်ရှိပါသည်။ ဘုရင့်နောင်မင်းတရားကြီးက ပြည်မြို့ကို ပထမအကြိမ် တိုက်ခိုက်ရာ အောင်မြင်ခြင်းမရှိသဖြင့် တောင်ငူသို့ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ဒုတိယအကြိမ် မတိုက်ခိုက်ခင် သက္ကရာဇ် ၁၅၅၁ ခုနှစ်၌ ဤကောင်းမှုတော်စေတီအား တည်ထားကိုးကွယ်ကာ စေတီတော်မှ အောင်မြေကိုနင်း၍ သွားရောက်တိုက်ခိုက်ရာ အောင်မြင်သဖြင့် ကောင်းမှုတော်စေတီ (သို့) ဘုရင့်နောင်အောင်မြေဟု ခေါ်တွင်သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၆၀၂ ခုနှစ်တွင် ဘုရင့်နောင်၏တူတော် ရွှေနန်းတည်မင်းတရားနှင့် မိဖုရားတို့မှ ဉာဏ်တော် ငါးတောင်နှစ်မိုက်မြှင့်၍ ပြုပြင်မွမ်းမံခဲ့သည်။ ဗြိတိသျှလက်ထက်တွင် စေတီတော်သည် ပျက်စီးယိုယွင်း၍ ခြုံနွယ်များဖုံးလွှမ်းနေခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ် (အေဒီ ၁၈၇၉) တွင် ရခိုင်စုရွာသား ဦးဖိုးချွန်းက ချုံနွယ်များဖုံးလွှမ်းနေသော စေတီတော်ကို ပြန်လည်တွေ့ရှိခဲ့သဖြင့် မြို့သူမြို့သားများက ဝိုင်းဝန်းပြုပြင်မွမ်းမံ၍ ထီးတော်သစ် တင်လှူပူဇော်ခဲ့ကြပါသည်။