၂၇ တောင်ရပ်တော်မူရုပ်ပွားတော်

Listing Description

(၂၇) တောင် ရုပ်ပွားဆင်းတုတော်ကြီးသည် ထား၀ယ်မြို့၊ ဘုမ္မော်ရပ် တွင်တည်ရှိပါသည်။ ရုပ်ပွားတော်မြတ်ကြီးကို ဒါယကာဦးဘိုးကျင် နှင့် ဒါယိကာမကြီး ဒေါ်ခင်ငြိမ်းတို့က လှူဒါန်းခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၃၀၂ ခုနှစ် တပေါင်းလဆုတ် ၆  ရက် ( တနင်္လာ ) နေ့တွင် ဦးဘိုးကျင်ကိုယ်တိုင် သန့်စင်ပြီး အုတ်မြစ် ၂၇ ချပ်ကို မင်္ဂလာအခါ၌ အုတ်မြစ်စီချပေးခဲ့ပါသည်။ ၁၃၀၃ ခုနှစ် ၊ တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့ နံနက် ၅ နာရီတွင် သံဃာတော် ၂၇ ပါးမှ တနင်္ဂနွေထောင့်တွင် စံပယ်နေသည့်အမြင့် ၂၇ တောင် ရပ်တော်မူရုပ်ပွားတော်ကြီးကို အောင်ဗောဓိ ၂၇ တောင် ရပ်ရုပ်ပွားတော်မြတ်ကြီး ဟူ၍ ဘွဲ့သမုတ်ပြီး ဗုဒ္ဓဘိသေကမင်္ဂလာကို ပူဇော်ချီးမြှင့်ကြပါသည်။