ဆံတော်တွင်းရုပ်ပွားတော်

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်းတန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီတော်ကိုတည်စဉ်က ဆံတော်များဆေးကြောသည့်တွင်း ဖြစ်သည်ဟု မှတ်သားကြသည်။ တန်ဆောင်းတွင်းရုပ်ပွားတော် အနောက်တွင် ယခင်နှစ်ပေါင်း ၅၀ ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာ၀တီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟုဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်တွင် တန်ဆောင်း ဆောက်လုပ်ခဲ့ပါသည်။