သကျမာရ်အောင်စေတီ

Listing Description

မြောက်ဦးမြို့ မာရ်ငါးပါးစေတီများအနက် အစောဆုံးတည်ထားခဲ့သော စေတီတစ်ဆူဖြစ်ပြီး နန်းတော်ကုန်းအရှေ့ဘက် မိုင်ဝက်ခန့်အကွာ မြေပြန့်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၉၉၁ ခုနှစ် (ခရစ်နှစ် ၁၆၂၉)တွင် သီရိသုဓမ္မရာဇာမင်း တည်ထားခဲ့သည်။ မာန်အပေါင်းကို အောင်မြင်တော်မူသော သကျသာဂီဝင် မင်းမျိုးမှဆင်းသက်လာသည့် ဘုရားရှင်အား ရည်စူးပြီး တည်ထားတော်မူသော စေတီဖြစ်သဖြင့် သကျမာန်အောင်စေတီဟု ခေါ်တွင်ခဲ့သည်။ စေတီတော်ပတ်လည်အဝန်း ၂၄၀ ပေရှိပြီး ဉာဏ်တော်အမြင့် ၁၁၄ ပေရှိသည်။ ကျောက်တံတိုင်း နှစ်ထပ်ကာရံထားသည်။ စေတီတော်မှာ ကျောက်စေတီဖြစ်ပြီး ပွင့်အာနေသော ကြာပွင့်ပုံဖိနပ်တော် (ပစ္စယံ)ပေါ်၌ စေတီတော်ပေါက်ထားဟန် ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ နွံတည်းဟူသော လောကီဘုံမှ ဗုဒ္ဓဟူသော ကြာပွင့် ပွန်းလန်းလာဟန် သရုပ်ဖော်ထားခြင်းဖြစ်ပါသည်။ ပစ္စယံအဆင့်ဆင့်တွင် ရာဇပလ္လင်တံကဲ ကျောက်ဆစ်လက်ရာများကို တွေ့နိုင်ပါသည်။ အရံစေတီ ၁၂ ဆူရှိပြီး ထောင့်လေးထောင့်တွင် မဟာသိမ်တော်ကြီးအဖြစ် ၆ ပေ ပတ်လည်ခန့်ရှိသော သမုတ်သိမ်တိုင်ကြီးများ စိုက်ထူထားရှိသည်။