အမျိုးသားဇာတ်ရုံ(ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံမှု ၅၂ ရာခိုင်နှုန်းပြီးစီး

Listing Description

ရန်ကုန် ဇန်နဝါရီ ၁၁

အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းအား ဖြင့် ၅၂ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန်

အဆိုပါ အဆောက်အအုံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing Construction Engineering Group Co.,Ltd. မှ အင်ဂျင်နီယာများက တာဝန် ယူတည်ဆောက်ပြုပြင်လျက်ရှိကြောင်း၊ ယခု နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို ၁၉၈၅ ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ လီရှန်နင့် မြန်မာနိုင်ငံသို့ လာရောက်စဉ် မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အပြီးတည် ဆောက်ပေးခဲ့ကြောင်း၊ ယခုအခါ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ ကြံ့ခိုင်မှု၊ ခေတ်မီအသံစနစ်နှင့် မီးအလင်း အမှောင်စနစ်၊ LED စနစ်၊ 4K ရုပ်ရှင် ပြစက် စနစ်၊ လေအေးပေးစနစ်၊ မီးငြှိမ်းသတ်ရေးစနစ်၊ လုံခြုံရေးစနစ်များကို အဆင့်မြှင့်တင်ထား သော နိုင်ငံတကာအဆင့်မီ ဇာတ်ရုံတစ်ရုံ ဖြစ် လာမည်ဖြစ်ကြောင်း သိရသည်။

ကျင်းပရာ နေရာဖြစ်

အမျိုးသားဇာတ်ရုံ (ရန်ကုန်) သည် တစ်မျိုး သားလုံးနှင့်သက်ဆိုင်သည့် ဖျော်ဖြေရေးပွဲများ၊ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အစရှိသဖြင့် ပွဲလမ်း သဘင်အခမ်းအနားများကျင်းပရာ နေရာ ဖြစ်ကြောင်း၊ ထို့ပြင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ၊ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ အစရှိသဖြင့် ပြိုင်ပွဲ များကျင်းပရာနေရာဖြစ်၍ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရာ နေရာတစ်ခုလည်း ဖြစ်ကြောင်းသိရသည်။

မြင့်မောင်