ဆေးစေတီ

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္လာထောင့်နှင့် တနင်္ဂနွေထောင့်ကြား ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရားရှေ့တွင် တည်ရှိပါသည်။ စေတီငယ်ကို ရွှေထီးကြီးတစ်လက်မိုးလျက် တွေ့နိုင်သည်။ ငှက်ပျောဖူးစေတီငယ် အထွဋ်၌ သံထီးတော်တင်လျက် အောက်၌ ကြာပွင့်ခံထားသော ဉာဏ်တော် ၄ ပေခန့်ရှိသည့် ထိုစေတီကလေးကို 'ဆေးစေတီ'ဟု ခေါ်ကြသည်။ အလုပ်အကိုင်နှင့်ပတ်သက်ပြီး ဆုတောင်းနိုင်သော ဘုရားဖြစ်သည်။