လက်ပက်လက်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း တည်ရှိသည်။ ကကုသန္ဓဘုရားရှင်ရုပ်ပွားတော်ဖြစ်ပြီး ညာလက်တော် ပက်လက်၊ ဘယ်လက် ပေါင်ပေါ်တင်လျက် ဝရဒမုဒြာဟန်ဖြင့် ကိန်းဝပ်စံပယ်တော်မူသည်။ လက်ပက်လက်ဘုရား ဟုလည်းကောင်း၊ ရွှေလက်လှန်ဘုရား ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ လာဘမုနိဘုရား ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ စဉ့်ကူးမင်း၏ ကောင်းမှုဖြစ်သော ပဉ္စလောဟာရုပ်ပွားတော် လေးဆူအနက်မှ တစ်ဆူဖြစ်ပါသည်။ လိုဏ်ဂူ၏ အပြင်ဘက်တွင်လည်း ဆင်းတုတော်ကြီး လေးဆူ ရှိသည်။ ထိုဆင်းတုတော်များထဲမှ ဆင်းတုတော် သုံးဆူမှာလည်း ယာလက်တော်ပက်လက် ဝရဒမုဒြာဟန်ဖြင့် ဖူးတွေ့ရသည်။ တတိယမြောက် ဆင်းတုတော်သာလျှင် ယာလက်တော်မှောက်ခုံ ဘူမိဖဿမုဒြာဟန် ဖြစ်သည်။