ရှမ်းပိုင်းတံတား (လွိုင်ကော်)

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘီလူးချောင်းပေါ်ဖြတ်သန်း တည်ဆောက်ထားသည်။ ၂၀၁၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတား၏အရှည်ပေ ၂၇ဝ ပေအရှည်ရှိပြီး လူသွားလမ်း ဘေးဘယ်ညာနှစ်ဖက် သုံးပေစီနှင့် ၂၄ ပေ အကျယ်ရှိ ယာဉ်ကျောလမ်းကြောင်းနှစ်လမ်းသွား ဖြစ်ကာ တံတားခံနိုင်ဝန် တန် ၆၀ ဖြစ်သည်။ လွိုင်ကော်မြို့လယ် ဘီလူးချောင်းပေါ်တွင် ဘီလူးချောင်းတံတား (ရှမ်းပိုင်း) အပါအဝင် သီရိမင်္ဂလာတံတား (ကျောက်ပြားတံတား)ကန္ဒရဝတီတံတားဒေါနိုးကူးတံတား၊ ဥတ္တရရုံတံတား စသည့် တံတားငါးစင်းတည်ဆောက်ထားသည်။

# ဘီလူးချောင်းတံတား (ရှမ်းပိုင်း)