သီရိမင်္ဂလာတံတား (လွိုင်ကော်)

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါခူရပ်ကွက်အတွင်း တည်ရှိပြီး ဘီလူးချောင်းပေါ် ဖြတ်သန်းတည်ဆောက်ထားသည်။ ကျောက်ပြားတံတားဟုလည်း ဒေသခံများက ခေါ်တွင်သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ လွိုင်ကော်မြို့လယ် ဘီလူးချောင်းပေါ်တွင် သီရိမင်္ဂလာတံတား (ကျောက်ပြားတံတား) အပါအဝင် ကန္ဒရဝတီတံတားဒေါနိုးကူးတံတားဘီလူးချောင်းတံတား (ရှမ်းပိုင်း)ဥတ္တရရုံတံတား စသည့် တံတားငါးစင်းတည်ဆောက်ထားသည်။