ဒေါနိုးကူးတံတား

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်း ဘီလူးချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည်။ ဒေါနိုးကူးရပ်ကွက်နှင့် ဒေါတမ ရပ်ကွက်တို့အား ဆက်သွယ်ထားသည့် ယခင် ၁ဝ ပေအကျယ် သစ်သားတံတားအား ၁၉၅၂-၁၉၅၃ ခုနှစ်တွင် အခွန်တော်အမတ် ဦးဖြူက စတင်ဆောက် လုပ်ခဲ့ပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးအောင်ကျော်က ဆက်လက်ပြုပြင် ထိန်းသိမ်းလာခဲ့သည်။ နောက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေး ကော်မတီက ၁၆ ပေအကျယ် သစ်သားတံတားအဖြစ် ပြန်လည်တည်ဆောက် ထိန်းသိမ်းလာခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့မြန်ဆန်လာစေရန် ပြည်နယ် အစိုးရရန်ပုံငွေကျပ် ၈၄ဝ သန်းဖြင့် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၆)က သံကူကွန်ကရစ် တံတားအသစ်အဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ တံတားမှာ အရှည်ပေ ၂ဝဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွား၊ လူသွားလမ်း တစ်ဖက်လျှင် ၆ ပေ ၁ဝ လက်မစီရှိသည်။ လွိုင်ကော်မြို့လယ် ဘီလူးချောင်းပေါ်တွင် ဒေါနိုးကူးတံတား အပါအဝင် ဘီလူးချောင်းတံတား (ရှမ်းပိုင်း)သီရိမင်္ဂလာတံတား (ကျောက်ပြားတံတား)ကန္တရဝတီတံတားဥတ္တရရုံတံတား စသည့် တံတားငါးစင်းတည်ဆောက်ထားသည်။