မြို့နာမ်စေတီတော်

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင် လမ်းမကြီး၏ ဘေးတွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အလောင်းမင်းတရားကြီး ယိုးဒယားပြည်၊ အယုဒ္ဓယမြို့သို့ စစ်ချီရာ လမ်းတစ်လျှောက်၌ သဲပုံစေတီများ တည်ထားကိုးကွယ်ခဲ့ရာ ယခင် ကန္တရဝတီနယ်၊ ယခုကယားပြည်နယ်၏ မြို့တော် ယခင်သီရိဒေါရွာဦးထိပ်နေရာဖြစ်သော ယခုစေတီတော်နေရာတွင် အောင်မြေနင်း၍ အောင်မြေစေတီတော်အဖြစ် တည်ထား ကိုးကွယ်ခဲ့သည်။ သီရိဒေါရွာတည်စဉ်က ရွာနာမ်စေတီဟု ခေါ်ခဲ့သော်လည်း သီရိဒေါရွာမှ လွိုင်ကော်မြို့အဖြစ် တိုးတက်ပြောင်းလဲလာခဲ့ရာ စေတီတော်အား မြို့နာမ်ရွှေစေတီတော်အဖြစ် ပြောင်းလဲခေါ်တွင်ကြပါသည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ပဉ္စမသံဃာယနာတင် ပိဋကတ်သုံးပုံနှင့် ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ ကိုးတောင်ပြည့်စေတီတော်အဖြစ် တည်ထားခဲ့သည်ဟု သိရပါသည်။